ATAD STEEL STRUCTURE CORPORATION

အေတီအေဒီမှ Biti’s စက်ရုံစီမံကိန်း ဆောက်လုပ်ပြီးစီးခဲ့

2020-04-20 09:59:44

Binh Tien Imex Corp., Pte., Ltd (Biti’s) သည် ဗီယက်နမ်နိုင်ငံရှိ ဖိနပ်ထုတ်လုပ်မှုတွင် ဦးဆောင်လုပ်ငန်း တစ်ခုဖြစ်သည်။ ဆယ်စုနှစ်သုံးခုကျော် တည်ထောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ဗီယက်နမ်နိုင်ငံတွင် စိတ်ချ ရသော အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ Biti’s ၏ အရည်အသွေးနှင့် ဂုဏ်သတင်း တို့ကြောင့် ဖိနပ်ထုပ်လုပ်မှု နယ်ပယ်တွင် “အမျိုးသားအမှတ်တံဆိပ်” တစ်ခုအဖြစ် ဗီယက်နမ်ရပ်တည် နိုင်ခဲ့သည်။

နှစ်စဉ်ကုမ္ပဏီအနေဖြင့် အမျိုးမျိုးသော စတိုင်များနှင့် အရွယ်အစား အမျိုးမျိုးရှိသော ဖိနပ်သန်းပေါင်း ၂၀ ကျော် ကိုထုတ်လုပ်သည်။ ဈေးကွက်၏ များပြားလှသော လိုအပ်ချက်များကို ဖြည့်ဆည်းရန် Biti’s သည် ဗီယက်နမ် နိုင်ငံ၊ ဒေါင်နိုင်းပြည်နယ်၊ Bien Hoa စီးတီးတွင် ဖိနပ်စက်ရုံတစ်ခုအား ထပ်မံတိုးချဲ့ဆောက်လုပ်ခဲ့သည်။

အေတီအေဒီအား သံမဏိကိုယ်ထည်ဆောက်လုပ်မှု လက်တွဲဖော်အဖြစ် အဆောက်အဦး၊ ထမင်းစားဆောင်၊ ဂိုဒေါင်နှင့် အလုပ်ရုံတို့အတွက် အပိုင်း ၁၊ ၂၊ ၃၊ ၄၊ ၅ စသဖြင့် ခွဲခြမ်း၍ ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများအပ်နှံခဲ့သည်။ အေတီအေဒီအနေဖြင့် စက်ရုံအတွက် သံမဏိကိုယ်ထည် အဆောက် အဦးများအား ပြီးဆုံးအောင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများကို အချိန်ဇယားနှင့် အတိအကျ လုပ်ငန်း အပ်နှံသူထံ လွှဲပြောင်းပေးအပ်နိုင်ခဲ့သည်။ လုပ်ငန်းအောင်မြင်ပြီးစီးမှုကြောင့် အေတီအေဒီသည် Biti’s နှင့် ရေရှည်လက်တွဲနိုင်မည့် အခွင့်အရေးတစ်ခုကိုလည်း ဖော်ဆောင်နိုင်ခဲ့ပါသည်။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ