ATAD STEEL STRUCTURE CORPORATION

အေတီအေဒီမှ ထိုင်းနိုင်ငံဗိသုကာပြပွဲ’၁၈ တွင် ပါဝင်ခဲ့

2018-06-26 08:13:23

၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ IMPACT Muang Thong Thani ရှိ Challenger ပြခန်း ၁-၃ တွင် ပြုလုပ်ကျင်းပခဲ့သော ၃၂ ကြိမ်မြောက် နိုင်ငံတကာဗိသုကာပြပွဲတွင် အေတီအေဒီမှ ဝင်ရောက်ပြသခဲ့ ပါသည်။

ထိုင်းနိုင်ငံဗိသုကာ ပြပွဲသည် အာဆီယံနိုင်ငံများတွင် UFI ခွင့်ပြုချက်ဖြင့် ပြုလုပ်ကျင်းပသော အကြီးမားဆုံးနည်းပညာ ပြပွဲတစ်ခုလည်းဖြစ်ပါသည်။ ပြပွဲကို ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သီးခြားပြုလုပ်ခြင်းဖြစ်ပြီး ပြပွဲအသိမှတ်ပြု အမှတ်အသားသည် တန်ဖိုးမြင့်ပြပွဲများအတွက် သီးခြားအသုံးပြုသော အသိမှတ်ပြုအမှတ်သားတံဆိပ်လည်း ဖြစ်သည်။ နှစ်စဉ် လာရောက်လေ့လာသူပေါင်း သုံးသိန်းခွဲခန့်ရှိပြီး နှစ်စဉ်နှစ်တိုင်းလည်း လာရောက်သူ ဦးရေတိုးပွားလျှက်ရှိသည်။ အိမ်တွင်းအလှဆင်မှုများ၊ ဗိသုကာဆိုင်ရာ ထုတ်လုပ်မှုများ၊ နည်းပညာများနှင့် အခြားသော ဗိသုကာအဆောက်အဦးများ ကိုအသုံးပြုသည့်နိုင်ငံများအတွက် ဦးတည်ကျင်းပခြင်းဖြစ်သည်။ ယခုနှစ်ပြပွဲတွင် လာရောက်သူများအတွက် မိန့်ခွန်းများဟောပြောခန်းများ၊ စီးပွားရေးတွေ့ဆုံပွဲများနှင့် ASA အဖွဲ့ဝင်များ၊ အခြားသောဧည့်သည်တော်များအတွက် ထူးခြားသော အစီအစဉ်များစွာထည့်သွင်းကျင်းပခဲ့ပါသည်။

အေတီအေဒီမှ နှစ်စဉ်ဝင်ရောက်ပြသနေသော ကုမ္ပဏီဖြစ်သဖြင့် အေတီအေဒီ၏ ပြခန်းအား အသစ်ဆုံးသော ပြခန်းဒီဇိုင်းနှင့် အထင်ကရဖြစ်စေရန်အတွက် အကောင်းဆုံးဆောက်လုပ်ထားသည်။ ကျွနိုပ်တို့၏ ထိုင်းနိုင်ငံအသင်း ဝန်ထမ်းများမှ ပြပွဲသို့လာရောက်ကြသော ဧည့်သည်များအတွက် အေတီအေဒီ၏ ဆောက်လုပ်မှု၊ ထုတ်ကုန်များနှင့် ပတ်သက်သည်များကို အမေးအဖြေကဏ္ဍလေးများ ပြုလုပ်ကာ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ပေးခဲ့သည်။ ထို့အပြင် အေတီအေဒီပြခန်းသို့ လာရောက်လေ့လာသူများအား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD