ATAD STEEL STRUCTURE CORPORATION

ဟိုချီမင်းမြို့တော် TAN CANG STATION မှ METRO လိုင်း ၁ အား အေတီအေဒီမှ အကောင်အထည်ဖော်

2020-05-19 13:21:51

Metro လိုင်း ၁ Ben Thanh – Suoi Tien သည် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ရန်နှင့် ဟိုချီမင်းစီးတီးသို့ ခေတ်မှီအသွင်အပြင်သစ်တစ်ခုကို ယူဆောင်လာရန်မျှော်လင့်သော အရေးကြီးဆုံး အခြေခံအဆောက်အဦး စီမံကိန်းများအနက်မှ တစ်ခုဖြစ်သည်။

အေတီအေဒီသည် စီမံကိန်းများအတွက် သံမဏိကိုယ်ထည် အဆောက်အဦးများ ဆောက်လုပ်ရေး ကန်ထရိုက်တာ အဖြစ် တာဝန်ယူခဲ့ပြီး အထူးသဖြင့် ကိုယ်ထည်များ ထုတ်လုပ်ခြင်း၊ တပ်ဆင်းခြင်းလုပ်ငန်းများ အဓိက လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် မီးမောင်းထိုးပြသလိုသည့် အချက်မှာ မက်ထရိုလိုင်းများမှ အရေးပါဆုံးသော ဘူတာဆောက်လုပ်ရေးဖြစ်သည်။ အရှည် ၁၃၇.၅ မီတာ၊ အထပ်သုံးထပ်နှင့်တည်ဆောက်ထားသည်။ ၎င်းသည် ရှုပ်ထွေးသော သံမဏိအခုံးပုံဖွဲ့စည်းမှု၊ ပတ်လည်ပိုက်များ၊ နည်းပညာအထောက်အပံ့များ၊ တိကျသော ထုတ်လုပ်မှု များဖြင့် တည်ဆောက်ထားသော လုပ်ငန်းတစ်ခုဖြစ်သည်။ အေတီအေဒီသည် အမိုးဖွဲ့စည်းမှုစနစ်အတွက် ထုတ်လုပ်မှုနှင့် တပ်ဆင်မှုလုပ်ငန်းများအား Tan Cang ဘူတာအတွက် ပြီးစီးခဲ့သည်။

မြို့လယ်တွင် အကောင်အထည်ဖော်သော စီမံကိန်းတစ်ခုဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသည် အကန့် အသတ်ရှိသည်။ ထို့ကြောင့် ပစ္စည်းနှင့်ပစ္စည်းကိရိယာများ စုဆောင်းခြင်းတွင် အခက်အခဲများစွာ ကြုံတွေ့ရပြီး အဓိကအားဖြင့် ညပိုင်းအချိန်များတွင် ပြုလုပ်ခဲ့ရသည်။ မြို့ပြမီးရထားလမ်း နံပါတ် ၁ ဆောက်လုပ်ရေးတွင် အေတီအေဒီ အင်ဂျင်နီယာများသည် ကန်ထရိုက်တာ၏ နည်းပညာနှင့် အလုပ်သမားများ၏ လုံခြုံရေးအတွက် လိုအပ်ချက်များ ပြည့်မှီစေရန် အပြုသဘောဆောင်သော လုပ်ဆောင်မှုများဖြင့် ထိန်းသိမ်းလုပ်ဆောင်သည်။ စီစဉ် ထားသည့်အတိုင်း မီးရထားလမ်းဆောက်လုပ်မှု ပြီးစီးစေရန်အတွက် စီမံကိန်းပစ္စည်းများ ပြည့်စုံစေရန် အဖွဲ့ဝင်များ အားလုံး အတူတကွ အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

Tan Cang station of Line 1 of the Ho Chi Minh City Metro

Tan Cang station of Line 1 of the Ho Chi Minh City Metro Tan Cang station of Line 1 of the Ho Chi Minh City Metro Tan Cang station of Line 1 of the Ho Chi Minh City Metro

Tan Cang station of Line 1 of the Ho Chi Minh City Metro

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ