ATAD STEEL STRUCTURE CORPORATION

ဝမ်းမြောက်ဖွယ် ATAD ၁၆ နှစ်ပြည့်အခမ်းအနား

2020-10-14 14:25:48

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ တွင်, ATAD ၁၆ နှစ်မြောက် နှစ်ပတ်လည် ပွဲ အခမ်းအနားကို ဒါရိုက်တာဘုတ်အဖွဲ့နှင့် ဝန်ထမ်းများအားလုံး၏ပါဝင်မှုနှင့် အတူ ဌာနချုပ်မှာ ပျူငှါနွေးထွေးစွာ ကျင်းပြုလုပ်ခဲ့ပါသည်။ ထိုပွဲအခမ်းအနားသို့ စက်ရုံများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်ရုံးများနှင့်  ဆောက်လုပ်ရေး ဆိုက်များမှ ဝန်ထမ်းများသည် ကုမ္ပဏီ၏မွေးနေ့ကို livestream channel မှတဆင့်ကျင်းပကြသည်။

၁၆ နှစ်တာ ကာလအတွင်း ATAD သည် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနှင့် လုပ်ဖော်ကိုင်ဖက် အဖွဲ့ဝင်များအားလုံး၏ ကြိုးပမ်းမှုနှင့်အတူ ဗီယက်နမ်နှင့် ဒေသတွင်းရှိ သံမဏိကိုယ်ထည် ဆောက်လုပ်မှု လုပ်ငန်းများတွင် ဦးဆောင်သော အမှတ်တံဆိပ်ဖြစ်လာခဲ့သည်။ စီးပွားရေးလုပ်ငန်းများ ဦးဆောင်နေသည့်အပြင် ATAD သည် အလုပ်တွဲဖက်လုပ်ကိုင်သူ ဝန်ထမ်းများအတွက် ကျွမ်းကျင်သော လုပ်ငန်းခွင် ပတ်၀န်းကျင်တစ်ခု ဖန်တီးရန် အမြဲတမ်း ကြိုးပမ်းလျက်ရှိပြီး ပွင့်လင်းမြင်သာသော ပေါင်းသင်းဆက်ဆံရေးဖြင့် တစ်ဦးနှင့်တစ်ဦး ပွင့်လင်းပြီးရင်းနှီးဖော်ရွေကြသည်။

၂၀၂၀ ခုနှစ်တွင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိသော်လည်း ATAD သည် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး ထုတ်လုပ်မှုကို ထိန်းသိမ်း ထားနိုင်ခဲ့သော ထူးချွန်သည့် အောင်မြင်မှုများစွာ ရရှိခဲ့သည်။

ကုမ္ပဏီ၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် ATAD သည် တန်ဖိုးထားရသော ဖောက်သည်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ကန်ထရိုက်တာများအသစ်များနှင့် ဆုံတွေ့ရန် လက်တွဲထားသော လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ထပ်မံပူးပေါင်း၍ ရေရှည်မဟာဗျူဟာ မိတ်ဖက် လုပ်ငန်းဖော် ဖြစ်လာရန်နှင့် အတူတကွရေရှည်တည်တံ့ခိုင်မြဲသောပေါင်းစည်းမှု တန်ဖိုးများကိုဖန်တီးရန် ဆန္ဒရှိသည်။

Happy ATAD 16th anniversaryဒါရိုက်တာဘုတ်အဖွဲ့ Mr. Huynh Ngoc Dong – Mr. Nguyen Le Anh Tuan ဥက္ကဌ၊ အထွေထွေဒါရိုက်တာHappy ATAD 16th anniversaryဒါရိုက်တာဘုတ်အဖွဲ့ဝင်များနှင့် Managers များ အတူတကွ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းHappy ATAD 16th anniversaryဒါရိုက်တာဘုတ်အဖွဲ့သည် လုပ်ငန်းဆိုင်ရာအဖွဲ့ဝင်များနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခြင်း
Happy ATAD 16th anniversaryဒါရိုက်တာဘုတ်အဖွဲ့သည် လုပ်ငန်းဆိုင်ရာအဖွဲ့ဝင်များနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခြင်း
Happy ATAD 16th anniversary

ATAD အဖွဲ့ ၀ င်အတူတူ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်း

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ