မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးနှင့် စက်မှုပြပွဲ ၂၀၁၄ တွင် အောင်မြင်စွာပြသခဲ့ပြီးနောက်တွင် ၂၀၁၅ တွင်လည်း ဆက်လက်ပြသခဲ့ပါသည်။ ဒီဇင်ဘာလ ၃ရက်နေ့မှ ၅ရက်နေ့အတွင်း ရန်ကုန်မြို့ရှိ Myanmar Event Park တွင် ပြသသွားမည်ဖြစ်ပါသည်။
MYANBUILD 2015 သည် မြန်မာပြည်တွင်အဆောက်အဦး၊ ဆောက်လုပ်ရေး၊ M&E နှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပြသသည့် နိုင်ငံပေါင်း ၂၀ကျော်မှ နောက်ဆုံးပေါ်နည်းပညာနှင့် ပစ္စည်းများ ပြသသူ ၃၅၀ကျော်ပါဝင်သော အကြီးမားဆုံးသော ပြပွဲကြီးတစ်ခုဖြစ်ပါသည်။
ပြပွဲတွင် ATAD ၏ ပြခန်းအနေဖြင့် စတီးအဆောက်အဦး နမူနာပုံစံငယ်များ၊ ကြိုတင်ဖန်တီးအဆောက်အဦး နမူနာပုံစံငယ်များ နှင့် ကြွားကြွားဝံ့ဝံ့ တန်ဆာဆင်ထားပါသည်။ ဒါ့အပြင် ပြသထားသော နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် နည်းပညာများကလည်း ဧည့်သည်တော်များနှင့် သတင်းထောက်များအကြား အထူးအာရုံစိုက်ဖွယ်ရာ ဖြစ်နေပါသည်။ သို့အတွက်ကြောင့် ATAD အနေဖြင့် မြန်မာပြည်ဈေးကွက်တွင် ပိုမိုထိုးဖောက်ဝင်ရောက်ရန်အတွက် မဟာအခွင့်အလမ်းကြီးပင်ဖြစ်နေပါတော့သည်။