ယခုဇွန်လတွင် Can Tho အားကစားရုံ၏ အမိုးဆောက်လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီ ဖြစ်သောကြောင့် အားကစားပရိသတ်များအတွက် ဝမ်းသာဖွယ် သတင်းတစ်ခုဖြစ်သည်။ ယခုအခါ ဘောလုံးဝါသနာရှင် ပရိသတ်များ အတွက် ရာသီဥတုအခြေအနေကို စိုးရိမ်စရာမလိုဘဲ အားပေးနိုင်တော့မည်ဖြစ်သည်။ Thanh Nien သတင်းကြော်ငြာ ချက်များအရ၊ Mekong မြစ်ဝှမ်းတစ်လျှောက်တွင် ယင်းအဆောက်အဦးသည် ခေတ်မှီဆုံးနှင့် အကြီးဆုံး အဆောက်အဦး တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။
အေတီအေဒီ သံမဏိထည် အဆောက်အဦးဆောက်လုပ်မှု လုပ်ငန်းသည် Can Tho လုပ်ငန်းစုမှ ရွေးချယ်လိုက်သော တစ်ဦးတည်းဆောက်လုပ်မှု ကိုယ်စားလှယ်ဖြစ်သည်။ မီတာလေးဆယ်ကျော် ကျယ်ဝန်းသော အဆောက်အဦးအား ကာရံပေးရခြင်းဖြစ်ပြီး ဗိသုကာလက်ရာများပါဝင်သော အမိုးခုံးများဖြင့် ဆောက်လုပ်ပေးခဲ့သော လုပ်ငန်းတစ်ခုဖြစ်သည်။
ပြည့်ဝသောအရည်အချင်းများ၊ ကောင်းမွန်သော စီမံအုပ်ချုပ်မှုများဖြင့် အေတီအေဒီသည် ဆောက်လုပ်ရေးလုပ်ငန်းအား ယာထားချက်အတိုင်း အကောင်းဆုံး အရည်အသွေးများဖြင့် ဆောက်လုပ်ပေးနိုင်ခဲ့သည်။