ATAD STEEL STRUCTURE CORPORATION

ATAD မှ “Joining hands for life” အမည်ဖြင့် သွေးလှူဒါန်းပွဲပြုလုပ်ခဲ့

2019-08-02 15:08:12

၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ဟိုချီမင်း Red Cross အဖွဲ့အစည်း မှ ကြီးမှူးကျင်းပသော စုပေါင်းသွေးလှူဒါန်းပွဲ “Joining hands for life” အမည်ဖြင့် ပြုလုပ်ခဲ့ပြီး ATAD ဟိုချီမင်းရုံး ဝန်ထမ်းများမှ   သွေးလှူဒါန်းပွဲအား ပူးပေါင်းပါဝင် ကျင်းပခဲ့ကြပါသည်။

“Joining hands for life” ဆိုသည့်ခေါင်းစဉ်အရ လူသားချင်းစာနာထောက်ထားမှုဖြင့် ကျင်းပပြုလုပ်သည့် လူမှုရေးလှုပ်ရှားမှုများ၊ ATAD ဝန်ထမ်းများ၏ အဖွဲ့အစည်းအတွင်း တစ်ဦးကိုတစ်ဦးမျှဝေချင်း၊ လူမှုပတ်ဝန်ကျင် ရှိလူသားတိုင်းအတွက် ကူညီထောက်ပံ့ပေးနိုင်မှုများ တိုးပွားလာစေရန်အတွက် ရည်ရွယ် သတင်းပေးခြင်း ဖြစ်သည်။ မနက်အစောမှစတင်၍ လာရောက်သူအများအပြားရှိပြီး အချို့သူများအတွက် ပထမဆုံးအကြိမ် အတွေ့အကြုံ၊ တစ်ချို့သူများအတွက် အကြိမ်ကြိမ်လှူဒါန်းပြီးသော အတွေ့အကြုံများရှိကြသည်။ လူတိုင်းသည် ပျော်ရွှင်မှုများ၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်စုံနေကြသည်။ သွေးလှူဒါန်းမှု၏ သာလွန်ကောင်းမွန်သော အကျိုးကျေးဇူးပြုမှုများကို သိရှိပြီး လူသားတို့လိုအပ်သည့် သွေးကိုလှူဒါန်းရသည့်အတွက် များစွာပျော်ရွှင် နေကြခြင်းလည်းဖြစ်သည်။

ဤသို့လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် လူတို့ပတ်ဝန်ကျင်အတွက် လိုအပ်သည့်ကူညီမှုများ၊ ပတ်ဝန်းကျင် အတွက် တာဝန်ယူမှုရှိခြင်းကိုလည်း ဖော်ပြနိုင်သော ATAD ၏ တက်ကြွလှုပ်ရှားမှု အစီအစဉ် တစ်ခုလည်း ဖြစ်သည်။

volunteer blood donation

volunteer blood donation volunteer blood donation 2 volunteer blood donation 3 volunteer blood donation 4 volunteer blood donation 6 volunteer blood donation

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ