ATAD STEEL STRUCTURE CORPORATION

မြန်မာနိုင်ငံရှိ ပန်းချီပြပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခြင်း

2018-04-06 09:46:53

ရန်ကုန်မြို့ မြန်မာပလာဇာတွင် ၂၀၁၇ ခုနှစ် မေလ ၂၃မှ ၂၅ရက်နေ့အထိ ကျင်းပသော “Vietnam and Myanmar: Charm and Beauty” ပန်းချီပြပွဲ အတွက် ကူညီပေးခြင်းအားဖြင့် ATAD မှ ဗီယက်နမ် မြန်မာချစ်ကြည်ရေးအား ခိုင်မာစေသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ အဆိုပွဲအား ဗီယက်နမ်- မြန်မာ သံတမန်ဆက်ဆံရေးထူထောင်သည့် ၄၂နှစ်ပြည့်နှစ်ပတ်လည်အတွက် အထူးကျင်းပခြင်း ဖြစ်ပါသည်။

အဆိုပါ ပြပွဲတွင် ဗီယက်နမ်နိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Dr. Luan Thuy Duong တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ အကြားမကွဲပြားသော ရိုးရာယဉ်ကျေးမှုအား အသိအမှတ်ပြုကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အေးချမ်းသော တည်ငြိမ်သော ကြွယ်ဝသော နေထိုင်မှုပုံစံ၊ နှင့် ယဉ်ကျေမှုအမှတ်အသားများအား ပြပွဲလာသူအပေါင်းလေ့လာနိုင်ကြောင်းပြောကြားခဲ့သည်။

ပြပွဲတွင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ပညာရှင်များ၏ ပန်းချီကားများ၊ ဓာတ်ပုံများ အားပြသထားပါသည်။ အဆိုပါ ပုံများသည် နှစ်နိုင်ငံ ပြည်သူများ၏ အလှတရားများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုများ၊ ဆက်ဆံရေးတိုးတက်လာမှုများနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာပုံများအား ဖော်ကျူးထားပါသည်။

 

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD