ATAD STEEL STRUCTURE CORPORATION

အေတီအေဒီမှ ဆောက်လုပ်ရေး အင်ဂျင်နီယာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာတွင် ထောက်ပံ့မှုပြုလုပ်ခဲ့

2016-10-12 14:47:13

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘောဒီးယားနိုင်ငံ နည်းပညာတက္ကသိုလ်မှ ကျင်းပပြုလုပ်သော ဆောက်လုပ်ရေး အင်ဂျင်နီယာများ တွေ့ဆုံပွဲတွင် အဓိကပံ့ပိုးသူအဖြစ် ပါဝင်ထောက်ပံ့ခဲ့သည်။ ထိုပွဲသို့ ပါမောက္ခများ၊ ဘွဲ့ရကျောင်းသားများနှင့် အင်ဂျင်နီယာကျောင်းသားများ စုစုပေါင်း လူဦးရေ ၅၀၀ ကျော်ခန့်တက်ရောက်ခဲ့သည်။

၎င်းပွဲတွင် အေတီအေဒီမှ ခေတ်မှီနည်းပညာ၊ ထုတ်လုပ်ကုန်များနှင့် အသေးစိတ်ကျကျ ဆောက်လုပ်ထားသော သံမဏိ အဆောက်အဦးပုံစံငယ်ဖြင့် လာရောက်လေ့လာသူများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ အေတီအေဒီမှ ဆောက်လုပ်ရေး ကျောင်းသားများ၏ သံမဏိကိုယ်ထည်ဆောက်လုပ်ရေးနှင့် ပတ်သက်၍ အသိပညာများတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့် အလမ်းများပိုမိုများပြားလာစေရန် ကူညီဆောင်ရွက်ပေးခဲ့သည်။

အေတီအေဒီမှ Dr. YIT Bunna – အလုပ်အကိုင်နှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး, Mr. Chhay Horng Chhouk – ဆောက်လုပ်ရေး အင်ဂျင်နီယာဌာနမှ ဦးစီးမှူး, Mr Nuth Sothan – ပညာတက်မြောက်ရေး လုပ်ဆောင်မှုဆိုင်ရာ ဒုတိယ ဒါရိုက်တာနှင့် မေးမြန်းပြောဆိုနိုင်မည့် ဆွေးနွေးပွဲတစ်ခုကိုလည်း ကျင်ပခဲ့ပါသည်။

ဤပွဲတွင် အေတီအေဒီမှ အခြေခံကြောရိုး အချက် ၇ ချက်ပေါ်တွင်မူတည်၍ ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုဖြစ်သော “ပူးပေါင်းလုပ်ဆောင်မှုတိုင်းသည် လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးသော ရလဒ်တန်ဖိုးကိုပေးစွမ်းနိုင်သည်” ဆိုသည့် အသိပညာတစ်ခုကို ပေးခဲ့နိုင်သည်။

Civil Engineering Family DayCivil Engineering Family Day 1Civil Engineering Family Day 2Civil Engineering Family Day 3

အခြားပတ်ဝန်းကျင်ဖြန့်ဝေပေးခြင်း

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ