ATAD STEEL STRUCTURE CORPORATION

ကုမ္ပဏီအပေါ်သုံးသပ်ချက်

အေတီအေဒီ သံမဏိထည် အဆောက်အဦးများ ထုတ်လုပ်တည်ဆောက်မှု ကော်ပိုရေးရှင်းအား ၂၀၀၄ ခုနှစ်တွင် စီးပွားရေးအမြင်ကျယ်ပြန့်စွာဖြင့် လုပ်ငန်းစတင်တည်ထောင်ခဲ့ပါသည်။

အေတီအေဒီမှ အောက်ပါလုပ်ငန်းစဉ်များဖြစ်သော – ဒီဇိုင်ရေးဆွဲခြင်း၊ တည်ဆောက်ခြင်း နှင့် တပ်ဆင်ခြင်းလုပ်ငန်း များကို အရည်အသွေးမှီ သံမဏိထည်များဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုအခါ သံမဏိထည်များ တည်ဆောက်တပ်ဆင်ခြင်းအပြင်၊ စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်၊ အရောင်းပြခန်း၊ ကုန်တိုက်၊ ပြပွဲခန်းမများ၊ ဈေးဝယ်စင်တာများ၊ ဘူတာရုံများ ၊ လေယာဉ်ကွင်းနှင့် အခြားအကြီးစားဆောက်လုပ်မှုလုပ်ငန်းများ ကိုလည်း လုပ်ဆောင်လျက်ရှိပါသည် ….

သင်ကြားပို့ချပေးထားသော ထုတ်လုပ်ရေးစွမ်းအားများနှင့်အတူ ကောင်းမွန်တက်မြောက်သော ဝန်ထမ်း ၁၀၀၀ ကျော်၊ အရည်အသွေးထိန်းချုပ်နည်းပညာများဖြစ်သော ISO 9001:2008, ISO 14001:2004, OHSAS 18001:2007 နှင့် အကျယ်အဝန်း ၁၇၆၀၀၀ စတုရန်းမီတာရှိသော စက်ရုံကြီးမှ တစ်လလျှင် သံမဏိထုတ်ကုန် တန် ၁၀၀၀၀ ၊ အအေးပုံသွင်း သံမဏိကိုယ်ထည် တန် ၈၀၀၊ သံမဏိအမိုးပြား  ၃၆၀၀၀၀ စတုရန်းမီတာတို့ကို မြင့်မားသော နောက်ဆုံးပေါ်နည်းပညာများ စက်ကိရိယာများ အသုံးပြုထားသော စက်ရုံမှ ထုတ်လုပ်ပေးလျက် ရှိပြီး ကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုများ လုပ်ဆောင်ပေးလျက်ရှိပါသည်။

အေတီအေဒီသည် စီးပွားဖက်မိတ်ဆွေများ၊ ဝယ်ယူသူများထံသို့ သက်မှတ်ချက်ထက် ပိုလွန်သော ဝန်ဆောင်မှု များကို ပေးစွမ်းခြင်းဖြင့် ယုံကြည်ရသော သံမဏိထည်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ယုံကြည်မှုတည်ဆောက်ခဲ့သည်။

အချို့သော စီးပွားမိတ်ဖက် လုပ်ငန်းစုများ –

ဆောက်လုပ်ရေး လုပ်ငန်းများ Toda, Shimizu, Daiwa House, Penta Ocean, Unicons, Coteccon, Cofico, Phu Hung Gia, Takco, Tvt, Dinco…

ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အကြံပေးများ – Haskoning, Toyo, Idco, Nagecco, Newcc, Archetype, Icic…

မိတ်ဖက်လုပ်ငန်းများ – Metro, Colgate, Pepsi, Nestle, Unilever, Heineken, Diana, Bitexco, Vincom, Masan, Samsung, Phaner, Lixil, Nippon Steel Glass, Jotun, Kobelco, Mascot, Hoya, Kamui, Linde, Essilor, Crown, Laurelton Diamond, Fuji Bakelite…

ဗီယက်နမ်နှင့်ပြည်ပနိုင်ငံများတွင် ATAD မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော စီမံကိန်းအချို့မှာ Vinfast Automobile Manufacturing Complex၊  Hoa Phat သံမဏိစက်ရုံ၊  လေဆိပ်ခရီးသည် နားနေဆောင် – Cam Ranh အပြည်ပြည်ဆိုင်ရာလေဆိပ်, လေဆိပ်ခရီးသည် နားနေဆောင် – Da Nang အပြည်ပြည်ဆိုင်ရာလေဆိပ်, လေဆိပ်ခရီးသည် နားနေဆောင် – Wattay အပြည်ပြည်ဆိုင်ရာလေဆိပ် (Vientiane, Laos), Vinh Tan အပူစွမ်းအင် တိုးချဲ့စက်ရုံ အမှတ် ၄၊  ဟိုချီမင်းမြို့ပြမီးရထားလမ်းစီမံကိန်း၊  Long Son ရေနံဓာတုဗေဒစက်ရုံ၊ Longwell ဖိနပ်စက်ရုံ၊  Brotex Fiber အရောင်စက်ရုံ၊  Heineken ဗီယက်နမ်ဘီယာ၊ Taekwang ဖိနပ်စက်ရုံ၊ JFE Meranti Myanmar စက်ရုံ၊ Lazada ထောက်ပံ့ပို့ဆောင်ရေးစင်တာ (အင်ဒိုနီးရှား၊ ဖိလစ်ပိုင်)၊ Metro Ayala Shopping Mall (ဖိလစ်ပိုင်)၊ သီရိလင်္ကာရှိအကြီးဆုံးဂိုဒေါင် – Camso Loadstar၊ ဆေးရွက်ကြီးထုတ်လုပ်မှုစက်ရုံ (ဖိလစ်ပိုင်)၊ Dangote Industries တန်ဇန်းနီးယားအပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ၊ Matarbari ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ (ဘင်္ဂလားဒေ့ရှ်) … “

အေတီအေဒီမှ သံမဏိထည် အဆောက်အဦးများ ဆောက်လုပ်ခြင်း လုပ်ငန်းများတွင် အကောင်းဆုံးသော အရည်အသွေးမှီ ထုတ်ကုန်များ၊ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောက်လုပ်ရေးလုပ်ရေးလောကတွင် ရပ်တည်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်လာရန် ယုံကြည်ချက်ဖြင့် ရပ်တည်အကောင်အထည်ဖော်လျက်ရှိသည်။

 

 

ဘာကြောင့်အေတီအေဒီကို ရွေးချယ်သင့်သလဲ ?

အေတီအေဒီ သံမဏိထည် အဆောက်အဦးထုတ်လုပ် တည်ဆောက်မှု ကော်ပိုရေးရှင်းသည် ဒီဇိုင်းရေးဆွဲခြင်း၊ ပေါင်းစပ်ခြင်း၊ တပ်ဆင်ခြင်း၊ ဝယ်ယူမှုနောက်ပိုင်း ဝန်ဆောင်မှုပေးခြင်းများ အပါအဝင် အကြီးစားသံမဏိထည် ဆောက်လုပ်မှုများနှင့် ဆောက်လုပ်ရေးအကြို လုပ်ဆောင်မှုများအတွက် အကောင်းဆုံး ပြီးပြည့်စုံသည့် ဝန်ဆောင်မှုများကို ပြုလုပ်ပေးလျက်ရှိ ပါသည်။ ထိုကဲ့သို့ ပေါင်းစပ် ဖွဲ့စည်းထုတ်လုပ်မှုများသည် ကောင်းမွန်သော ရလဒ်များ၊ အရည့်သွေးမြင့် ထုတ်ကုန်များနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများကို ရရှိပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။

ဘယ်အရာတွေက ကျွနိုပ်တို့အား ထူးခြားစေတာလဲ ?

 ဈေးနှုန်းပြိုင်နိုင်ခြင်း

အများနှင့် ယှဉ်ပြိုင်နိုင်သော အသက်သာဆုံးသော ဈေးနှုန်းများရရှိစေရန် အေတီအေဒီတွင် အဆင့်မြင့် အလိုအလျောက်  ကိုယ်တိုင်ဒီဇိုင်းထုတ်လုပ်ရေး စနစ်လိုင်းနှင့် အတူ အတွေ့အကြုံကြွယ်ဝသော ကျွမ်းကျင်ဝန်ထမ်းများရှိခြင်း။

အရည်အသွေးအာမခံချက်ရှိခြင်း

အေတီအေဒီသံမဏိထည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သုံးစွဲမည့် အစိတ်အပိုင်းများအားလုံးကို နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေး စီမံခန့်ခွဲထိန်းချုပ်မှုစနစ် ISO 9001:2015 နှင့်အညီ ကိုယ်ပိုင်စက်ရုံတွင် ထုတ်လုပ်သည်။ အေတီအေဒီတွင် အရည်အသွေးထိန်းချုပ်စစ်ဆေးသော ဌာနရှိပြီး သံမဏိထည်တည်ဆောက်မှု ထုတ်ကုန်များသည် နိုင်ငံတကာ စံညွှန်းများနှင့် ကိုက်ညီမှုရှိသည်ကို အာမခံနိုင်ခြင်း။

လျှင်မြန်စွာပို့ဆောင်ခြင်း

၆၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသော စက်ရုံနှင့် လေ့ကျင့်မှုပြည့်ဝသော ဝန်ထမ်းများမှ နိုင်ငံတကာဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ ထုတ်ကုန်များ အလျင်မှီပေးပို့နိုင်စေရန်အတွက် ကူညီထောက်ပံပေးပြီး ထုတ်ကုန်များကို သတ်မှတ်သောကာလအတွင်း လုပ်ငန်းခွင်တည်နေရာသို့ ပို့ဆောင်နိုင်ခြင်း။

ပြီးပြည့်စုံသော ဝန်ဆောင်မှုပေးခြင်း

အဆောက်အဦးစီမံခန့်ခွဲမှု ဘုတ်အဖွဲ့သည် ဝယ်ယူသုံးစွဲသူများ၏ လိုအပ်ချက်များအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အဆောက်အဦး စတင်သည့်အဆင့်မှ ပြီးဆုံးသည့်အဆင့်အထိ ဝယ်ယူသုံးစွဲသူများနှင့် ပုံမှန်တွေ့ဆုံညှိနိုင်းဆောင်ရွက်ခြင်း၊ စီမံကိုန်းအဆောက်အဦးများအတွက် လုပ်ငန်းတိုးတက်မှုနှင့် အာမခံဝန်ဆောင်မှုများအတွက် ယုံကြည်စိတ်ချနိုင်ခြင်း။

 ကောင်းမွန်သော ဒီဇိုင်းရေးဆွဲမှု

အတွေ့အကြုံရှိပြီး မြင့်မားသောလေ့ကျင့်မှုများဖြင့် ပြည့်စုံသော ဒီဇိုင်းအဖွဲ့မှ ဝယ်ယူသူများထံသို့ အကောင်းဆုံး ရလဒ် များအား ခေတ်မှီနည်းပညာအကူအညီများနှင့် အတူ အကောင်းဆုံးတွက်ချက်မှုများ ပြုလုပ်ပေးခြင်း၊ ဒီဇိုင်းကျွမ်းကျင် ဘွဲ့ရနှင့် ဘွဲ့လွန်ပညာတက်မြောက်ပြီးသော အတွေ့အကြုံရှိ ဝန်ထမ်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း။

အရည်အသွေးမြင့်မား ကောင်းမွန်သော ကုန်ကြမ်းများ အသုံးပြုခြင်း

ကုန်ကြမ်းတင်သွင်းသူများအား စီစစ်ရွေးချယ်ခြင်းနှင့် ဥရောပ၊ ဂျပန် အစရှိသည့် နိုင်ငံများမှ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုခြင်းဖြင့် အေတီအေဒီ၏ ထုတ်ကုန်များကို အရည်အသွေးပြည့်မှီစေခြင်း။

အားသာချက်များ

 

 

အေတီအေဒီ လုပ်ငန်းအုပ်ချုပ်မှု ဖွဲ့စည်းပုံ ဇယားသည် ယခုလက်ရှိနှင့်အနာဂတ်အတွက် အမှန်တကယ် လိုအပ်သော လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍  ဖွဲ့စည်းထားသော တည်ဆောက်မှုဇယားဖြစ်ပါသည်။

ဖွဲ့စည်းပုံဇယားနှင့်ပတ်သက်၍ အေတီအေဒီသည် ကောင်းမွန်သော အရည်အသွေးမှီထုတ်ကုန်များကို ဝယ်ယူ သူများထံသို့ ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပါသည်။

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD