ATAD STEEL STRUCTURE CORPORATION

ပျော်ရွှင်ဖွယ် ၂၀၂၀ Lunar နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

2020-04-20 10:28:57

ပျော်ရွှင်ဖွယ် ၂၀၂၀ Lunar နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

၂၀၁၉ ခုနှစ် လဆန်းနှစ်သစ်ကိုကြိုဆိုပွဲကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် အေတီအေဒီ သံမဏိကိုယ်ထည် အဆောက်အဦး ကော်ပိုရေးရှင်းမှ သင်နှင့်သင့်မိသားစုအား “ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ ကျေနပ်မှု” အပေါင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

အတိတ်ကာလများတွင် ကျွနိုပ်တို့အား သင်နှင့်အတူ ပူးပေါင်းလုပ်ကိုင်ခွင့်ပေးသည့်အတွက် များစွာကျေးဇူး တင်မိပါသည်။ ရေရှည်မဟာမိတ်အဖြစ် နောင်အနာဂါတ် လုပ်ငန်းစီမံကိန်းများတွင်လည်း ဆက်လက်ရပ်တည် နိုင်စေရန်အတွက် ခိုင်မြဲသော လက်တွဲမှုကို အတူတကွ တည်ဆောက်ကြရန် မျှော်လင့်ပါသည်။

၂၀၁၉ ခုနှစ်သည် ထူးခြားသော အဖြစ်အပျက်များနှင့် အောင်မြင်မှုများစွာဖြင့် အေတီအေဒီ၏ ပုံမှန်ဖွံ့ဖြိုး တိုးတက်မှုကို မှတ်သားခဲ့သော နှစ်တစ်နှစ်ဖြစ်နေဆဲ ဖြစ်ပါသည်။ ကုမ္ပဏီတည်ထောင်ခြင်း၏ ၁၅ နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားကို ကျင်းပခဲ့ပြီး VNR 500 စာရင်းနှင့် ဗီယက်နမ် ထိပ်တန်းလုပ်ငန်း ၅၀ စာရင်းတွင် အကောင်းဆုံး မြှင့်တင်မှုများပြုလုပ်နိုင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံနှင့် ဒေသတွင်း သံမဏိကိုယ်ထည်ဆောက်လုပ် ခြင်း လုပ်ငန်းများတွင် ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေပါသည်။

ရရှိခဲ့ပြီးသော အောင်မြင်မှုများကို အခြေပြု၍  ၂၀၂၀ ခုနှစ်တွင် ကျွနိုပ်တို့သည် အကောင်းဆုံးနည်းပညာများဖြင့် ဖြေရှင်းနိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းများနှင့် အကောင်းဆုံးဝန်ဆောင်မှုများဖြင့် အကောင်းဆုံး ထုတ်ကုန် ပစ္စည်းများကို ဖြည့်ဆည်းနိုင်ရန်အတွက် ဆက်လက်ကြိုးစားဆောင်ရွက်မည်ဖြစ်ပြီး သုံးစွဲသူများ၏ မျှော်လင့် ချက်နှင့် ကိုက်ညီသော အကောင်းဆုံး ဝန်ဆောင်မှု နည်းလမ်းများဖြင့် အကောင်းဆုံးထုတ်ကုန်များကို ပို့ဆောင် ရန် အလို့ငှာ စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ပါသည်။

ထပ်မံ၍ သင်နှင့်သင့်မိသားစုအား ကျန်းမာမှု၊ ပျော်ရွှင်မှုနှင့် အောင်မြင်မှု အပြည့်ရှိသော နှစ်သစ်ကိုပိုင်ဆိုင် ပါစေကြောင်းဆုတောင်းပေးလိုက်ရပါသည်။

 လေးစားစွာဖြင့်

အေတီအေဒီ သံမဏိကိုယ်ထည် ကော်ပိုရေးရှင်း

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ

QR Code

Share your page with anyone by asking them to scan this QR code

Copy & share

sonbahissonbahis girişsonbahis güncel giriş