ATAD STEEL STRUCTURE CORPORATION

အေတီအေဒီမှ အရှေ့တောင်အာရှတွင် အကြီးဆုံးသော Mazda စက်ရုံအား အောင်မြင်စွာ တည်ဆောက်ပြီးဆီးခဲ့

2018-04-02 18:04:13

Mazda (Thaco Mazda) စက်ရုံသည် THACO ကော်ပိုရေးရှင်းနှင့် Madza ကော်ပိုရေးရှင်း (ဂျပန်) တို့မှ ပူးပေါင်း ရင်းနှီးမြှပ်နှံမှုဖြစ်ပြီး စက်ရုံအား Chu Lai Truong Hai စက်မှုဇုန်၊ Nui Thanh, Quang Nam တွင် ၂၀၁၇ ခုနှစ် မတ်လမှစတင်တည်ဆောက်ခဲ့ပြီး နောင်တစ်နှစ်အကြာတွင် စတင်လည်ပတ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ Mazda စက်ရုံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ပြီး စုစုပေါင်း အကျယ်အဝန်း အနေဖြင့် ၃၅ ဟတ်တာ ရှိပြီး (၁၂ ဟတ်တာ ကျယ်ဝန်းသော အလုပ်ရုံ) ခေတ်မှီသော နည်းပညာများနှင့် ပြည့်စုံသော အလိုအလျောက်သုံး စက်ကရိယာများဖြင့်တပ်ဆင်ထားသော Mazda ၏ သတ္တမမြောက် မျိုးဆက် ဖြစ်သည်။

ထုတ်လုပ်မှုပိုင်းလိုအပ်ချက်များကို ဥရောပနှင့် ဂျပန်နိုင်ငံများမှ လူသိများသော အစိတ်အပိုင်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည်။ ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅၂၆,၈၀၀,၀၀၀ ဖြစ်ပြီး နှစ်စဉ် မော်တော်ယာဉ် အစီး တစ်သိန်းထုတ်လုပ်လျက်ရှိသည်။

စီးပွားရေးအတွက် အကောင်းဆုံးသော သော့ချက်သည် လုပ်ငန်းလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ခြင်း၊ ထုတ်လုပ်မှုနည်းပညာနှင့် ပြည့်ဝသော အတွေ့အကြုံများပင်ဖြစ်သည်။ ထုတ်လုပ်မှု ဧရိယာ ၁၂၄,၂၀၀ စတုရန်းမီတာအတွက် ဆောက်လုပ်မှုပစ္စည်းနှင့် ဒီဇိုင်းရေးဆွဲခြင်းအတွက် အေတီအေဒီအား ရွေးချယ်ခဲ့ခြင်း သည် လုပ်ငန်းအပ်နှံသူ၏ ကျွနိုပ်တို့အပေါ်ထားရှိသော ယုံကြည်မှုကြောင့်ပင်ဖြစ်သည်။ တစ်လလျှင် စတီးတန်ပေါင်း ၁၂၀၀၀ ထုတ်လုပ်ပြီး ထိုဆောက်လုပ်မှုအတွက် အချိန်တိုင်းတာ နည်းပါးခြင်းနှင့် မြင့်မားသော နည်းပညာများစွာ ပံ့ပိုးပေးရသည့် အတွေ့အကြုံများရရှိခဲ့သည်။

roject.

Mazda factory in Southeast Asia 1 Mazda factory in Southeast Asia 2 Mazda factory in Southeast Asia 3

 

 

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ