လေးစားပါသော မိတ်ဖက်များနှင့် ဝယ်ယူသူများသို့,
ယခုလ နိုင်ဝင်ဘာတွင် Konstruksi Indonesia 2019 သည် ပြပွဲကြမ်းပြင်သို့ အသွင်အပြင်အသစ်နှင့် ကွဲပြား ခြားနားသော ဖွဲ့စည်းမှုများဖြင့် ပြသမည်ဖြစ်ပါသည်။ Konstruksi Indonesia (KI) သည် ဆောက်လုပ်ရေး လုပ်ငန်းနှင့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းများအတွက် အစိုးရအတွက် အရေးကြီးသော အထင်ကရ လုပ်ဆောင်မှု တစ်ခုဖြစ်သည်။ အင်ဒိုနီးရှား၏ အဆောက်အဦးဆောက်လုပ်မှု လုပ်ငန်းများအတွက် အခြေခံအဆောက်အဦး များအား ဆောက်လုပ်ခြင်း၊ အများပြည်သူစီမံကိန်း တင်ဒါများနှင့် နည်းပညာပေးသူများ၊ ပစ္စည်းကိရိယာများနှင့် ကုန်ပစ္စည်းတင်သွင်းသူများအတွက် ကွန်ယက်နှင့် ဈေးကွက်ရှာဖွေရန်အတွက် အကောင်းဆုံးသော အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်။
ကျွနိုပ်တို့၏ လုပ်ငန်းတည်ရှိရာသို့ လာရောက်လေ့လာပါရန်အတွက် လေးစားစွာဖြင့် ဖိတ်ကြားပါသည် :
- ပြခန်းအမှတ် : A 52
- တည်နေရာ : ဂျာကာတာ အင်တာနေရှင်နယ် ပြပွဲခန်းမ ၊ အင်ဒိုနီးရှား
- ပြပွဲ အချိန် : ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၆ နာရီ
ဤပြပွဲတွင် ကျွနိုပ်တို့သည် နောက်ဆုံးပေါ် ဒီဇိုင်းနှင့်နည်းပညာကို သံမဏိကိုယ်ထည် အဆောက်အဦးများရှိ အသစ် အသစ်သော နမူနာများဖြင့် ပြသပါမည်။ ကျွနိုပ်တို့၏ အရောင်းကိုယ်စားလှယ် အဖွဲ့သည် သင်တို့ အတွက် ရေရှည် အတွေ့အကြုံများနှင့် လုပ်ငန်းနယ်ပယ်ရှိ ကျွမ်းကျင်မှု စွမ်းရည်များအပေါ် အခြေခံ၍ ကောင်းမွန်သော အကြံဥာဏ်များအား ယူဆောင်ပေးပါမည်။
သင်၏ လာရောက်လေ့လာခြင်းသည် ကျွနိုပ်တို့အတွက် ဂုဏ်တက်စရာဖြစ်ပါသည်။ သင့်အား အထူးပင်ကြိုဆိုလျက် ။
လေးစားစွာဖြင့် ကျေးဇူးတင်လျက်
အေတီအေဒီ သံမဏိကိုယ်ထည်ဆောက်လုပ်ရေး ကော်ပိုရေးရှင်း












