ATAD STEEL STRUCTURE CORPORATION

MyanBuild 2019 ပွဲမှ အေတီအေဒီပြခန်းသို့ လာရောက်လေ့လာပါရန်

2020-04-20 10:04:42

လေးစားရပါသော လုပ်ငန်းတွဲဖက်များနှင့် မိတ်ဆွေများသို့

မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းအတွက် နံပါတ်တစ်ပွဲတစ်ခုဖြစ်သည့် MyanBuild 2019 ပြပွဲအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာ Expo Hall တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ထိုပြပွဲတွင် ဆောက်လုပ်ရေးလုပ်ငန်းမှ ကျွမ်းကျင်သူများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် အကောင်းဆုံးသော လုပ်ငန်းများစုစည်းထားပြီး စီးပွားရေးကွန်ယက်များစွာ ရရှိနိုင်သော ပွဲတစ်ခုလည်းဖြစ်ပါသည်။ ပြပွဲကို သုံးရက် ကြာပြုလုပ်ခဲ့ပြီး ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်နှင့်တရုတ်နိုင်ငံမှ ပြခန်း များလည်း ပါဝင်ပါသည်။ ခန့်မှန်းချေအရ ကုန်သွယ်မှုနှင့်ဆက်နွယ်သော လေ့လာသူ ၉၀၀၀ ကျော်တက်ရောက် နိုင်ပါသည်။

ကျွနိုပ်တို့ အေတီအေဒီအနေဖြင့် ပြခန်းအမှတ် ၀၄၁ တွင် တည်ရှိမည်ဖြစ်ပြီး ကျွနိုပ်တို့၏ တီထွင်ဆန်းသစ်သော သံမဏိကိုယ်ထည်ဆိုင်ရာ ဖြေရှင်းနည်းများနှင့် ပတ်သက်၍ ပိုမိုထိုးထွင်းသိမြင်ရန် သင့်အား လှိုက်လှဲစွာ ဖိတ်ခေါ်ပါသည်။ ထို့အပြင် ကျွနိုပ်တို့၏ အဖွဲ့သည် သင်၏ လိုအပ်ချက်များနှင့် ကိုက်ညီမည့် ကျွနိုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မိတ်ဆက်ပေးနိုင်မည် ဖြစ်ပါသည်။

သင်၏ လာရောက်လေ့လာမှုသည် ကျွနိုပ်တို့အတွက် များစွာဂုဏ်တက်စေပါသည်။ ပြပွဲတွင်တွေ့ဆုံရန် မျှော်လင့်လျက်

ကျေးဇူးတင်လေးစားစွာဖြင့်

အေတီအေဒီ သံမဏိကိုယ်ထည် အဆောက်အဦး ကော်ပိုရေးရှင်း

 

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD

Mã QR Code

Chia sẻ trang của bạn với bất kỳ ai bằng cách yêu cầu họ quét mã QR này

Copy & chia sẻ

QR Code

Share your page with anyone by asking them to scan this QR code

Copy & share

sonbahissonbahis girişsonbahis güncel giriş