ATAD STEEL STRUCTURE CORPORATION

Philconstruct Visayas 2018 ပြပွဲရှိ အေတီအေဒီပြခန်းသို့ လာရောက်လေ့လာပါရန် ဖိတ်ကြားခြင်း

2018-06-26 08:25:28

Dear valued Customers and Partners, လေးစားရပါသော မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များသို့

နောင်ရက်အနည်းငယ်တွင် အရှေ့တောင်အာရှနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဆောက်လုပ်ရေးနှင့်ပတ်သက်သော အကြီးဆုံး ပြပွဲတစ်ခုဖြစ်သည့် Philconstruct Visayas 2018 ပြပွဲအား ဖွင့်လှစ်ကျင်းပတော့မည်ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ လူသိများသော ပြပွဲတစ်ခုဖြစ်သည့် PHILCONSTRUCT သည် မြေပြင်အဆောက်အဦးများနှင့် မြို့ပြအဆောက်အဦးများတွင် လူသိများခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ယခုနှစ်များတွင်တော့ စီးပွားရေး လုပ်ငန်းရှင်များ၊ လုပ်ငန်းအပ်နှံလိုသူများအတွက် ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ပေးနိုင်သော နှစ်ပတ်လည် တွေ့ဆုံပွဲတစ်ခုလည်းဖြစ်ခဲ့သည့်အပြင် ထောင်ပေါင်းများစွာသော ပံ့ပိုးသူများနှင့်အဝယ်တော်များအတွက်လည်း များစွာအကျိုးရှိသော ပွဲတစ်ခုဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ကျွနိုပ်တို့၏ ပြပွဲသို့လာရောက်လေ့လာနိုင်ရန်အတွက် –

  • ပြခန်းအမှတ် – အေ ၄၂
  • တည်နေရာ – Waterfront Cebu City Hotel & Casino, Salinas Drive, Lahug, Cebu City
  • ပြပွဲအချိန် -နံနက် ၁၀ နာရီမှ ညနေ ၆နာရီခွဲ ၊ ၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ

ကျွနိုပ်တို့အနေဖြင့် လူကြီးမင်းတို့အား အေတီအေဒီ၏ ထုတ်ကုန်ပစ္စည်းများနှင့် မိတ်ဆက်ပေးလိုပြီး လူကြီးမင်းများ၏ ဆောက်လုပ်ရေးအတွက် အကောင်းဆုံးအဖြေကို ရှာဖွေပေးနိုင်ရန်လည်း ရည်ရွယ်ပါသည်။ ထို့အပြင် ကျွနိုပ်တို့၏ တက်ကျွမ်းနားလည်သော အရောင်းတာဝန်ခံများမှလည်း ထုတ်ကုန်များနှင့် ပေးနိုင်မည့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ် ရှင်းလင်းပြောပြပေးမည်ဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ပြပွဲသို့လာရောက်ခြင်းဖြင့် ပိုမိုသေချာသော ရှင်းလင်းပြောကြားမှုများရရှိနိုင်ပြီး တွေ့ဆုံမှုများ အတွက်လည်း ကျွနိုပ်တို့ ဖိလစ်ပိုင်ရုံးမှာ ကိုယ်စားလှယ်များက လှိုက်လှဲစွာကြိုဆိုလျက်ရှိပါသည်။

လာရောက်လေ့လာရန်အတွက် ခင်မင်ရင်နှီးစွာဖိတ်ကြားလျက်

လေးစားကျေးဇူးတင်စွာဖြင့်

အေတီအေဒီ သံမဏိလုပ်ငန်း ကော်ပိုရေးရှင်း

ATAD Booth Philippines Visayas 2018

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD