ATAD STEEL STRUCTURE CORPORATION

FAST500 အခမ်းအနားသို့ အေတီအေဒီမှ ပါဝင်ဆင်နွှဲခဲ့

2018-05-17 13:39:33

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ၂၀၁၈ ခုနှစ်အတွက် ဗီယက်နမ်နိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်မှုအကောင်းဆုံး လုပ်ငန်းများအား ဖော်ထုတ်သည့် FAST500 ပွဲကို ဟနွိုင်းရှိ ဗီယက်နမ်ပြည်တွင်းစီးပွားရေးအဆောက်အဦးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပွဲတွင် အေတီအေဒီသည် ထိပ်တန်းအဆင့် ၅၀ စာရင်းသို့ဝင်ရောက်နိုင်ခဲ့ပြီး အခြားသော FLC လုပ်ငန်းစု၊ Masan လုပ်ငန်းစု၊ Vietjet လေကြောင်းလိုင်းနှင့် အခြားအခြားသော လုပ်ငန်းများပါဝင်ပြီး ထိုကဲ့သို့ရရှိခြင်းမှာ အေတီအေဒီအဖွဲ့ဝင်များ၏ အဆုံးအစမရှိသော ပူးပေါင်းဆောင်ရွက် မှုများကြောင့် ပိုင်ဆိုင်နိုင်ခဲ့သော ဆုလည်းဖြစ်ပါသည်။

FAST 500 အဆင့်သတ်မှတ်ချက်သည် ၂၀၁၁ ခုနှစ်တွင် တရားဝင်ဖော်ပြခဲ့သော ဗီယက်နမ်အစီရင်ခံစာ အပေါ်အကဲဖြတ် သုသေသန စစ်တမ်းများ၏ ရလဒ်များကို အခြေခံထားပါသည်။ အဆင့်သတ်မှတ်ချက်တွင် ပါဝင်သော ကုမ္ပဏီများသည် အရောင်းနှင့်စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်တွင် ဂဏန်းနှစ်လုံးစာ တိုးတက်မှုရှိသော ကုမ္ပဏီိများဖြစ်ကြပါသည်။ ထို့အပြင် သက်ဆိုင်ရာနယ်ပယ်ရှိ လုပ်ငန်းကြီးများ၏ အရွယ် အစားနှင့် နေရာတို့ကိုဖော်ပြနိုင်ရန်အတွက် စုစုပေါင်းပိုင်ဆိုင်မှု၊ စုစုပေါင်းလုပ်သားအင်အား၊ အခွန်ဆောင်ပြီး အမြတ်နှင့် မီဒီယာများ၏အကောင်းမြင်ခံရမှု ဆိုသည့် အချက်အလက်များကို ထောက်ပံရေး အချက်အလက်များ အဖြစ် အသုံးပြုပါသည်။

ထုတ်ကုန်များကို အစဉ်အမြဲအားပေးနေသော ကျွနိုပ်တို့၏ ဈေးဝယ်သူများအတွက် ကောင်းမွန်သော ဝန်ဆောင်မှု၊ အရည်အသွေး၊ အချိန်မှန်ကန်မှုနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင် ၂၀၁၈ ခုနှစ်တွင်လည်း ဆက်လက်ဖွံ့ဖြိုးစေရန် ကြိုးစားသွားမည် ဖြစ်ပါသည်။

ATAD participated in the ceremony for announcement of FAST500

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD