ATAD STEEL STRUCTURE CORPORATION

အေတီအေဒီ၏ အစိမ်းရောင်စက်ရုံလေ့လာရေးခရီးစဉ်တွင် ဟိုချီမင်းမှ ဗိသုကာကျောင်းသားများအား လာရောက် လေ့လာစေခဲ့

2018-06-26 08:18:42

၂၀၁၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးအဖြစ် LEED ပလတ်တီနမ်ဆုနှင့် အာရှနိုင်ငံတဝှမ်းတွင် LEED ရွှေတံဆိပ်ဆုတို့ကို ပေးအပ်ခြင်းခံထားရသော အေတီအေဒီ Dong Nai စက်ရုံသို့ ဟိုချီမင်း ဗိသုကာတက္ကသိုလ်မှ ကျောင်းသားများအား လာရောက်လေ့လာစေခဲ့သည်။

၂၀၁၇ ခုနှစ်၊ မတ်လတွင် ချုပ်ဆိုခဲ့သော အေတီအေဒီနှင့် ဟိုချီမင်းဗိသုကာတက္ကသိုလ်တို့ ပူးပေါင်းမှုစာချုပ်အရ အေတီအေဒီ၏ ဆောက်လုပ်မှုပိုင်းဆိုင်ရာ အသိပညာများအား လက်ဆင့်ကမ်းခြင်းအစီအစဉ်ဖြင့် လေ့လာနိုင်စေခဲ့သည့် အတွက် ကျောင်းသားများအတွက် များစွာသော အထောက်အကူများပေးနိုင်ခဲ့သည်။ အထူးသဖြင့် အေတီအေဒီ စက်ရုံလေ့လာရေးခရီးစဉ်သည် သံမဏိဆောက်လုပ်ရေးလုပ်ငန်းများအား လေ့လာခြင်းအတွက် များစွာအထောက်အကူ ပြုပေးနိုင်သော လေ့လာရေးခရီးစဉ်တစ်ခုလည်းဖြစ်သည်။ စက်ရုံလေ့လာရေး ခရီးစဉ်တွင် ကျောင်းသားများအနေဖြင့် စက်ရုံထုတ်လုပ်မှု လုပ်ငန်းပိုင်းများနှင့် အရည်အသွေးထိန်းချုပ်မှု နည်းစနစ်များကို နိုင်ငံတကာစံနှုန်းများဖြစ်သည့် ISO 9000:2008, 9001: 2008 နှင့် OHSAS 14001: 2008 အစရှိသည့် စနစ်များဖြင့် လေ့လာနိုင်ခဲ့သည်။ အေတီအေဒီမှလည်း ရေစွမ်းအားချွေတာနိုင်ပြီး စီးပွားရေးတွက်ချေကိုက် မီးအသုံးပြုမှုစနစ်၊ လေသန့်စင်မှုစနစ်၊ အစိမ်းရောင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအနေဖြင့် ဆိုလာသုံးစနစ်နှင့် လေအားသုံးစနစ် အစရှိသည့်တို့ကို ကျယ်ပြန့်စွာ လေ့လာနိုင်ခဲ့သည်။

လေ့လာရေးခရီးစဉ်သည် အားလုံးအတွက် အောင်မြင်စွာပြီးဆုံးသော ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။ ခရီးစဉ်မှ လာရောက်လေ့လာသူ ကျောင်းသားများအတွက် သံမဏိထုတ်လုပ်မှု လုပ်ငန်းပိုင်းတွင် ၎င်းတို့၏ ရှေ့ဆက်မည့် ခရီးအတွက် မည်သို့ရွေးချယ်သင့်သည်ကိုလည်း လမ်းပြပေးနိုင်ခဲ့သည်။

UAH Students visited ATAD Dong Nai factory 1

UAH Students visited ATAD Dong Nai factory 2 UAH Students visited ATAD Dong Nai factory 3 ATAD representatives presented gifts to group

Group took photos in front of ATAD Dong Nai factory

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD