ATAD STEEL STRUCTURE CORPORATION

အေတီအေဒီသည် ဗီယက်နမ်နိုင်ငံ အမြင့်ဆုံးကြိုးတံတားဆောက်လုပ်မှု ပြီးစီးအောင်မြင်ခဲ့

2018-11-13 10:25:56

Binh Khanh တံတားဆောက်လုပ်ရေးလုပ်ငန်းသည် Ben Luc-Long Thanh အဝေးပြေးလမ်း ဆောက်လုပ်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုလမ်းသည် ဟိုချီမင်းမြို့တော်နှင့် တောင်ပိုင်း Long An မြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်းလည်းဖြစ်သည်။ ထိုလမ်းပိုင်းဆောက်လုပ်မှုတွင် ၂၀ ကီလိုမီတာ ရှည်လျားသောတံတားများ၊ ၃ ကီလိုမီတာ ရှည်လျားသော Soai Rap မြစ်နှင့် Can Gio ပြည်နယ်နှင့် Nha Be ပြည်နယ်တို့ကို ချိတ်ဆက်ပေးထားသော Binh Khanh တံတား အပိုင်းတို့ပါဝင်သည်။ Binh Khanh ကြိုးတံတားသည့် ဗီယက်နမ်နိုင်ငံတွင်အမြင့်မားဆုံးနှင့် တောင်ပိုင်းဟိုချီမင်း မြို့တော်၏ အရေးပါသော တံတားတစ်ဆင်းလည်းဖြစ်သည်။ ထပ်လောင်းအနေဖြင့် ထိုတံတားဆောက်လုပ်ပြီးစီးပါက ပျော်ပွဲရွှင်ပွဲဖျော်ဖြေမှုများနှင့် Can Gio ကမ်းခြေပြန်လည်ပြုပြင်မှုများနှင့် နိုင်ငံတကာမှဧည့်သည်များအား ဆွဲဆောင်နိုင်မည် ဖြစ်သည်။

Binh Khanh တံတားသည် စုစုပေါင်းအရှည် ၂၇၆၄ မီတာ၊ အကျယ် ၂၁.၇၅ မီတာ ကျယ်ဝန်းပြီး ယာဉ်လမ်းကြောင်း လေးစင်းပါဝင်သည်။ တံတား၏ အဓိကတိုင်များမှာ ၃၇၅ မီတာ၊ တံတားဆိပ်ခံ ၁၅၅ မီတာအရှည်နှင့် မြေပြင်အမြင့် ၅၅ မီတာရှိသည်။ Binh Khanh တံတားနှင့် Phuoc Khanh တံတားနှစ်စင်းသည် ရေကြောင်းလမ်းသွားလာရေးအတွက် ရှင်းလင်းမြင့်မားသော တံတားများဖြစ်သည်။

ထိုပရောဂျက်သည် အေတီအေဒီအနေဖြင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းအတွက် ခရီးသွားလာမှုစနစ်အဖြစ် လုပ်ဆောင်ပေးခဲ့သော အထူးပြုလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် များစွာသော အလေးချိန်ရှိသည့် ထုတ်ကုန်များ၊ ယခုဆောက်လုပ်မှုလုပ်ငန်းအတွက် လိုအပ်သောထုတ်လုပ်မှုများနှင့် မြင့်မားသော နည်းပညာအသိများ ပေါင်းစပ်ဖော်ဆောင်ခြင်းဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ထုတ်လုပ်နိုင်သော စက်ရုံများမှာ ဗီယက်နမ်တွင် အနည်းငယ်သာရှိသေးသည်။ ဆောက်လုပ်မှုလုပ်ငန်းအပ်နှံသူ၏ ယုံကြည်မှု၊ အေတီအေဒီ၏ အချိန်မှီပြီးစီး အောင်ဆောက်လုပ်နိုင်ခြင်း၊ အရည်အသွေးသာလွန်ကောင်းမွန်ခြင်းများနှင့် အန္တရာယ်ကင်းစွာပြီးမြောက်ခြင်းတို့ကြောင့် အောင်မြင်ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။

Binh Khanh project 1

Binh Khanh project 2

Binh Khanh project 3 Binh Khanh project 4

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD