ATAD STEEL STRUCTURE CORPORATION

ဗီယက်နမ်နိုင်ငံရှိ Vinh Tan 4 Thermal ပါဝါပရောဂျက်အား အေတီအေမှ ဆောက်လုပ်ပြီးစီးခဲ့

2018-04-16 11:13:30

Vinh Tan 4 Thermal ပါဝါပရောဂျက် ထပ်တိုးဆောက်လုပ်မှုသည် အရေးပေါ်ဆောက်လုပ်ရမည့် လုပ်ငန်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းအား ၂၀၂၀ နောက်ပိုင်းတွင် လျှပ်စစ်ဓါတ်အား ဖြန့်ပေးရန် ရည်ရွယ်ထားသော စွမ်းအားစက်ရုံဖြစ်သည်။ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁ သန်းကုန်ကျခံထားပြီး ၇ ဒဿမ ၂ ဘီလီယံ ကီလိုဝက် ပါဝါထုတ်လွှတ်နိုင်မည်ဖြစ်သည်။

စုစုပေါင်းတပ်ဆင်မှု ၁၂၀၀ မီဂါဝက် (စွမ်းအားစက်ရုံ ၂ ခု) ပါဝင်သော Vinh Tan 4 Thermal စွမ်းအင်စက်ရုံသည် ဗီယက်နမ်နိုင်ငံတွင် အကောင်းဆုံးနည်းပညာများဖြင့် ဆောက်လုပ်ထားသော စွမ်းအင်စက်ရုံတစ်ခုလည်းဖြစ်သည်။ ထုတ်လုပ်မှုစွမ်းအင်မှာလည်း သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိပြီး အသုံးပြုရန် အဆင်ပြေသည့် အခြေအနေထိ ရောက်အောင် လျှပ်စစ်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

အေတီအေဒီ Dong Nai စက်ရုံမှ လစဉ်ထုတ်လုပ်နိုင်စွမ်း ၈၅၀၀ မက်ထရစ်တန်နှင့် အကောင်းဆုံးသော စက်ပစ္စည်းများ၊ အလိုလျောက် ထိန်းချုပ်နိုင်သော ထုတ်လုပ်မှုလိုင်းများ၊ ဖြတ်တောက်နိုင်စွမ်းမြင့်မားသော စက်ကြီးများအား အသုံးပြုပြီး အေတီအေဒီမှ ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းများအား အကောင်းဆုံးအရည်သွေးများဖြင့် အချိန်မှီ အန္တရာယ်ကင်းရှင်းစွာ တပ်ဆင်ပြီးစီးခဲ့ခြင်းလည်း ဖြစ်သည်။

အေတီအေဒီသည် သံမဏိထုတ်ကုန်များ ဆောက်လုပ်မှုအတွက် ရင်းနှီးမြှပ်နှံသူများနှင့် အကြံပေးများမှ လိုလားစွာရွေးချယ်ခြင်းကို ခံရသည်။ ထိုသို့စွမ်းဆောင်မှုများကြောင့် အေတီအေဒီသည် ဒီဇိုင်းပိုင်းတွင် လည်းကောင်း၊ ထုတ်လုပ်မှုနှင့်တပ်ဆင်မှုအပိုင်းတွင်လည်းကောင်း ယုံကြည်မှုကိုရရှိခဲ့ပြီး အကြီးစားထုတ်လုပ်မှု များဖြစ်သည့် သံမဏိကိုယ်ထည်များ၊ ပိုက်များအတွက်လည်း ကောင်းမွန်သော ယုံကြည်မှုများ ထပ်မံရရှိခဲ့ သည်။

 

Vinh Tan 4 Thermal Power Project 1Vinh Tan 4 Thermal Power Project 2

Vinh Tan 4 Thermal Power Project 3

အခြားသတင်းများ

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD