ATAD STEEL STRUCTURE CORPORATION

ကုမ္ပဏီအပေါ်သုံးသပ်ချက်

အေတီအေဒီသည် အရည်အသွေးမြင့်မားသော အင်ဂျင်နီယာ သံမဏိအဆောက်အအုံနှင့် သံမဏိကိုယ်ထည်များ တည်ဆောက်ခြင်းနှင့် တိုင်ပင်ခြင်း၊ ဒီဇိုင်းဆွဲခြင်းအစရှိသော လုပ်ငန်းများအား ၂၀၀၄ ခုနှစ်မှ စတင်၍ ကမ္ဘာအနှံ့ရှိနိုင်ငံပေါင်း ၄၀ တွင် သံမဏိအဆောက်အဦး ၃၅၀၀ ကျော်ကို အကောင်အထည်ဖော်ခဲ့သည်။ ကုန်သည်များ၊ စက်ရုံများ၊ ဂိုဒေါင်များ၊ အထပ်မြင့်အဆောက်အဦးများ၊ အကြီးစားစက်မှုလုပ်ငန်းများ၊ ဈေးဝယ်စင်တာများ၊ ပြပွဲစင်တာများ အစရှိသည့် ဆောက်လုပ်မှုများ ပြုလုပ်ခဲ့သည်။

ATAD တွင် အရည်အချင်းပြည့်ဝသော ဝန်ထမ်း ၂၂၀၀ ကျော်ရှိပြီး အရည်အသွေးပြည့်ဝသော နိုင်ငံတကာ စီမံခန့်ခွဲမှုစနစ် ISO 9001: 2015; ISO 14001: 2015, ISO 45001: 2018 အစရှိသော အသိအမှတ်ပြုလက်မှတ်များ နှင့် စုစုပေါင်းဧရိယာ 211,000 m2 အကျယ်အဝန်းရှိသော  ခေတ်မှီစက်ရုံကြီး ၂ ခုကိုလည်း ပိုင်ဆိုင်ထားပါသည်။  ကျွန်ုပ်တို့၏ စက်ရုံများသည်ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အဆင့်မြင့်သံမဏိကိုယ်ထည် ထုတ်လုပ်မှုစက်ရုံများ ဖြစ်သည်။ အထူးသဖြင့်၊ ATAD Dong Nai စက်ရုံသည် အာရှတွင်ပထမဦးဆုံးသော LEED GOLD အသိအမှတ်ပြုလက်မှတ်နှင့် ဗီယက်နမ်နိုင်ငံတွင် LEED ပလက်တီနမ်အသိအမှတ်ပြုလက်မှတ်ရခဲ့သော စက်ရုံလည်း ဖြစ်ပါသည်။နှစ်စဉ်နှစ်တိုင်းဖောက်သည်အရေအတွက် တိုးများလာနေပြီး၊ ATAD သည်ဗီယက်နမ်နှင့်ဂျပန်၊ ကိုရီးယား၊ အမေရိကန်နှင့်အီးယူတို့မှ ထိပ်တန်းကန်ထရိုက်တာများ၊ အတိုင်ပင်ခံများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ရေရှည်တည်တံ့သော မိတ်ဖက်ဖြစ်လာခဲ့သည်။

– ဆောက်လုပ်ရေးကန်ထရိုက်တာ: Kajima, Toda, Shimizu, Daiwa House, Penta Ocean, Coteccons …

– ဆောက်လုပ်ရေးအတိုင်ပင်ခံ: Haskoning, Toyo, Idco, Nagecco, Newcc, Archetype, Icic …

– ဖောက်သည်များ – Pepsi ကုမ္ပဏီ၊ ကိုကာကိုလာ၊ Samsung၊ Unilever၊ Heineken၊ Nippon သံမဏိ၊ Colgate Palmolive …

ဗီယက်နမ်နှင့်ပြည်ပတွင်  ATAD ၏ ပုံမှန်စီမံကိန်းအချို့မှာ Vinfast Automobile Manufacturing Complex၊ Hoa Phat – Dung Quat သံမဏိစက်ရုံ၊  ခရီးသည်ဆိပ်ကမ်း – Cam Ranh အပြည်ပြည်ဆိုင်ရာလေဆိပ်, ခရီးသည် Terminal – Da Nang အပြည်ပြည်ဆိုင်ရာလေဆိပ်, ခရီးသည် Terminal – Wattay အပြည်ပြည်ဆိုင်ရာလေဆိပ် (Vientiane, Laos), Vinh Tan အမှတ် ၄ တိုးချဲ့သည့် အပူစွမ်းအင်စက်ရုံ၊ ဟိုချီမင်းမြို့ပြ မီးရထားလမ်းစီမံကိန်း၊ long Son ရေနံဓာတုဗေဒစက်ရုံ၊ Longwell ဖိနပ်စက်ရုံ၊ Brotex Fiber အရောင်စက်ရုံ၊ Heineken ဗီယက်နမ် ဘီယာ၊ Taekwang ဖိနပ်စက်ရုံ၊ JFE Meranti Myanmar စက်ရုံ၊ Lazada ထောက်ပံ့ပို့ဆောင်ရေးစင်တာ (အင်ဒိုနီးရှား၊ ဖိလစ်ပိုင်)၊ Metro Ayala Shopping Mall (ဖိလစ်ပိုင်)၊ သီရိလင်္ကာရှိ အကြီးဆုံးသိုလှောင်ရုံ – Camso Loadstar၊ ဆေးရွက်ကြီး ထုတ်လုပ်မှုစက်ရုံ (ဖိလစ်ပိုင်)၊ Dangote Industries တန်ဇန်းနီးယား အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊  Matarbari ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ (ဘင်္ဂလားဒေ့ရှ်) …. တို့ဖြစ်ပါသည်။

အေတီအေဒီသည် အင်ဂျင်နီယာအကြိုအဆောက်အဦးများနှင့် သံမဏိကိုယ်ထည် အဆောက်အဦးများအတွက် အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရရှိရန် ဦးဆောင်သူအဖြစ်ဆုံးဖြတ်သည်။

ဘာကြောင့်အေတီအေဒီကို ရွေးချယ်သင့်သလဲ ?

အေတီအေဒီ သံမဏိထည် အဆောက်အဦးထုတ်လုပ် တည်ဆောက်မှု ကော်ပိုရေးရှင်းသည် ဒီဇိုင်းရေးဆွဲခြင်း၊ ပေါင်းစပ်ခြင်း၊ တပ်ဆင်ခြင်း၊ ဝယ်ယူမှုနောက်ပိုင်း ဝန်ဆောင်မှုပေးခြင်းများ အပါအဝင် အကြီးစားသံမဏိထည် ဆောက်လုပ်မှုများနှင့် ဆောက်လုပ်ရေးအကြို လုပ်ဆောင်မှုများအတွက် အကောင်းဆုံး ပြီးပြည့်စုံသည့် ဝန်ဆောင်မှုများကို ပြုလုပ်ပေးလျက်ရှိ ပါသည်။ ထိုကဲ့သို့ ပေါင်းစပ် ဖွဲ့စည်းထုတ်လုပ်မှုများသည် ကောင်းမွန်သော ရလဒ်များ၊ အရည့်သွေးမြင့် ထုတ်ကုန်များနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများကို ရရှိပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။

ဘယ်အရာတွေက ကျွနိုပ်တို့အား ထူးခြားစေတာလဲ ?

 ဈေးနှုန်းပြိုင်နိုင်ခြင်း

အများနှင့် ယှဉ်ပြိုင်နိုင်သော အသက်သာဆုံးသော ဈေးနှုန်းများရရှိစေရန် အေတီအေဒီတွင် အဆင့်မြင့် အလိုအလျောက်  ကိုယ်တိုင်ဒီဇိုင်းထုတ်လုပ်ရေး စနစ်လိုင်းနှင့် အတူ အတွေ့အကြုံကြွယ်ဝသော ကျွမ်းကျင်ဝန်ထမ်းများရှိခြင်း။

အရည်အသွေးအာမခံချက်ရှိခြင်း

အေတီအေဒီသံမဏိထည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သုံးစွဲမည့် အစိတ်အပိုင်းများအားလုံးကို နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေး စီမံခန့်ခွဲထိန်းချုပ်မှုစနစ် ISO 9001:2015 နှင့်အညီ ကိုယ်ပိုင်စက်ရုံတွင် ထုတ်လုပ်သည်။ အေတီအေဒီတွင် အရည်အသွေးထိန်းချုပ်စစ်ဆေးသော ဌာနရှိပြီး သံမဏိထည်တည်ဆောက်မှု ထုတ်ကုန်များသည် နိုင်ငံတကာ စံညွှန်းများနှင့် ကိုက်ညီမှုရှိသည်ကို အာမခံနိုင်ခြင်း။

လျှင်မြန်စွာပို့ဆောင်ခြင်း

၆၀၀၀ စတုရန်းမီတာ ကျယ်ဝန်းသော စက်ရုံနှင့် လေ့ကျင့်မှုပြည့်ဝသော ဝန်ထမ်းများမှ နိုင်ငံတကာဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ ထုတ်ကုန်များ အလျင်မှီပေးပို့နိုင်စေရန်အတွက် ကူညီထောက်ပံပေးပြီး ထုတ်ကုန်များကို သတ်မှတ်သောကာလအတွင်း လုပ်ငန်းခွင်တည်နေရာသို့ ပို့ဆောင်နိုင်ခြင်း။

ပြီးပြည့်စုံသော ဝန်ဆောင်မှုပေးခြင်း

အဆောက်အဦးစီမံခန့်ခွဲမှု ဘုတ်အဖွဲ့သည် ဝယ်ယူသုံးစွဲသူများ၏ လိုအပ်ချက်များအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အဆောက်အဦး စတင်သည့်အဆင့်မှ ပြီးဆုံးသည့်အဆင့်အထိ ဝယ်ယူသုံးစွဲသူများနှင့် ပုံမှန်တွေ့ဆုံညှိနိုင်းဆောင်ရွက်ခြင်း၊ စီမံကိုန်းအဆောက်အဦးများအတွက် လုပ်ငန်းတိုးတက်မှုနှင့် အာမခံဝန်ဆောင်မှုများအတွက် ယုံကြည်စိတ်ချနိုင်ခြင်း။

 ကောင်းမွန်သော ဒီဇိုင်းရေးဆွဲမှု

အတွေ့အကြုံရှိပြီး မြင့်မားသောလေ့ကျင့်မှုများဖြင့် ပြည့်စုံသော ဒီဇိုင်းအဖွဲ့မှ ဝယ်ယူသူများထံသို့ အကောင်းဆုံး ရလဒ် များအား ခေတ်မှီနည်းပညာအကူအညီများနှင့် အတူ အကောင်းဆုံးတွက်ချက်မှုများ ပြုလုပ်ပေးခြင်း၊ ဒီဇိုင်းကျွမ်းကျင် ဘွဲ့ရနှင့် ဘွဲ့လွန်ပညာတက်မြောက်ပြီးသော အတွေ့အကြုံရှိ ဝန်ထမ်းများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း။

အရည်အသွေးမြင့်မား ကောင်းမွန်သော ကုန်ကြမ်းများ အသုံးပြုခြင်း

ကုန်ကြမ်းတင်သွင်းသူများအား စီစစ်ရွေးချယ်ခြင်းနှင့် ဥရောပ၊ ဂျပန် အစရှိသည့် နိုင်ငံများမှ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုခြင်းဖြင့် အေတီအေဒီ၏ ထုတ်ကုန်များကို အရည်အသွေးပြည့်မှီစေခြင်း။

အားသာချက်များ

 

 

အေတီအေဒီ လုပ်ငန်းအုပ်ချုပ်မှု ဖွဲ့စည်းပုံ ဇယားသည် ယခုလက်ရှိနှင့်အနာဂတ်အတွက် အမှန်တကယ် လိုအပ်သော လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍  ဖွဲ့စည်းထားသော တည်ဆောက်မှုဇယားဖြစ်ပါသည်။

ဖွဲ့စည်းပုံဇယားနှင့်ပတ်သက်၍ အေတီအေဒီသည် ကောင်းမွန်သော အရည်အသွေးမှီထုတ်ကုန်များကို ဝယ်ယူ သူများထံသို့ ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပါသည်။

 

Hotline:
(+84) 28 3926 0666
ဆက်သွယ်ရန် ATAD