ATAD STEEL STRUCTURE CORPORATION

ဆောက်လုပ်မှုအကြို အဆောက်အဦးများနှင့် မိတ်ဆက်ခြင်း

ဆောက်လုပ်မှုအကြို အဆောက်အဦး – သင့်ပရောဂျက်အတွက် အသင့်တော်ဆုံးသော ရလဒ်

သင်၏အဆောက်အဦးအား ဈေးနှုန်းသက်သာခြင်း၊ လျင်မြန်စွာတပ်ဆင်နိုင်ခြင်း၊ အရည်အသွေးထိန်းချုပ် နိုင်ခြင်း၊ တာရှည်ခံမှုမြင့်မားခြင်းတို့အတွက် ဆောက်လုပ်မှုအကြို သံမဏိအဆောက်အဦးများသည် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်ပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် နောက်ဆုံးပေါ်ဖြစ်သော ဆောက်လုပ်မှုအကြို သံမဏိကိုယ်ထည် အဆောက်အဦးများ၏ အားသာချက်များသည် စက်မှုလုပ်ငန်းနှင့် စီးပွားရေးအဆောက်အဦးတို့ ဖြစ်ကြသော စက်ရုံ၊ ဂိုဒေါင်၊ အအေးခန်း၊ ပြခန်း၊ ရုံးခန်း၊ ဈေး၊ ကျောင်း၊ အားကစားရုံ၊ ပို့ကုန်သိုလှောင်ရုံ၊ ဈေးဝယ်စင်တာနှင့် အခြားသော … အဆောက်အဦးများဆောက်လုပ်ရန် အသင့်တော်ဆုံးဖြစ်သည်။

ထပ်မံကြည့်ရှု့ရန်:  ဆောက်လုပ်မှုအကြိုအဆောက်အဦး လုပ်ငန်းသုံးပရိုဂရမ်

pre-engineered buildingsEthanol Project pre-engineered buildingSamsung Project
pre-engineered steel buildingTon Dong A Project

ထပ်မံကြည့်ရှု့ရန်: ATAD ပရောဂျက်များ

အခြေခံ သတ်မှတ်ချက်များ

  • အလျား – အနံ – အမြင့် : ဝယ်ယူသူ လိုအပ်ချက်ပေါ်မူတည်၍ ပြောင်းလဲနိုင်သည် ။ သတ်မှတ်ထားခြင်းမရှိ။
  • အမိုးစောင်း – အမိုးပေါ်ကျရောက်မည့် ရေအားပေါ်မူတည်၍ ပြုလုပ်နိုင်သည်၊ ပုံမှန်အားဖြင့် အမိုးစောင်းကို ၁၅ % ထားရှိသည်။
  • ဒေါက်တိုင် – ဒေါက်တိုင်မှာ မြေပြင်မှ အမိုးထိပ်သို့  အဆောက်အဦးများ၏ ပုံစံပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။
  • အလေးချိန် – ဝန်ခံနိုင်အား၊ ဖိအားခံနိုင်ခြင်း၊ ပြိုင်နိုင်သောအား၊ လေတိုက်အား၊ သွေဖီနိုင်စွမ်း၊ ဝန်တင်နိုင်အား ………

 ဆောက်လုပ်ရေးအကြို အဆောက်အဦးဆိုသည်မှာ –

  • အခြေခံ ဆောက်လုပ်ရေးပစ္စည်းများ (သတ္တုတိုင်များနှင့် သတ္တုဒိုင်းများ)
  • ဒုတိယအဆင့် ဆောက်လုပ်ရေးပစ္စည်းများ (အမိုးများ နှင့် သတ္တုဒေါက်များ) Z ပုံသဏ္ဍာန် C ပုံသဏ္ဍာန် အမျိုးအစားများကို ရရှိနိုင်သည်။
  • အမိုးနှင့် နံရံအကာများ တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသည်
  • အခြား ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ

pre-engineered steel buildingsCai Mep Project

ဖော်ပြပါ အခြေခံနှင့် ဒုတိယအဆင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးများသည် လိုအပ်သည့်အတိုင်းဖြတ်တောက်ခြင်း၊ အပေါက်ဖောက်ခြင်း၊

အရစ်ဖော်ခြင်၊ ဆက်ခြင်းနှင့် ပုံသွင်းခြင်း လုပ်ငန်းများသည် စက်ရုံတွင်အပြီးသတ် အချောသတ်လုပ်ဆောင်ခဲ့ပြီး သဘောင်္ဖြင့်

တင်ပို့ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တပ်ဆင်ခြင်းဖြစ်သည်။ လုပ်ငန်းခွင်တွင် ပစ္စည်းတစ်ခုနှင့်တစ်ခုအား မူလီကောက်များ

ဝက်အူနှင့်ဝါရှာများဖြင့် ချိတ်ဆက်ထားခြင်းကြောင့် ကုန်ကျစရိတ်နှင့်အချိန် သက်သာစေပါသည်။

ဤအဆောက်အဦးများသည် ပုံမှန်ဆောက်လုပ်ရေးများထက် ထူးခြားကောင်းမွန်သော အရည်အသွေးများကို ပေးစွမ်းနိုင်ပြီး ဆောက်လုပ်ရေးသုံး ပစ္စည်းတိုင်းသည် ဝယ်ယူသူများစိတ်တိုင်းကျ ပုံဖော်နိုင်ခြင်းသည်လည်း အားသာချက် တစ်ခု ဖြစ်သည်။

 ဆောက်လုပ်ရေးအကြို အဆောက်အဦးများ၏ ပုံစံငယ်

pre-engineered buildings model

အားသာချက်များ

1. ကုန်ကျစရိတ် သက်သာစေခြင်း

ဆောက်လုပ်ရေးအကြို အဆောက်အဦးများသည် ပုံမှန် ဆောက်လုပ်ရေးလုပ်ငန်းများထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ သက်သာစေသည်။ ပေါ့ပါးသော သံမဏိကိုယ်ထည်များနှင့် အခြားဆက်စပ်ပစ္စည်းများသည် ဈေးနှုန်းသက်သာ စေခြင်း၏ အကောင်းဆုံးအကြောင်းအရင်းများဖြစ်သည်။

2. ကြာရှည်ခံခြင်း

အဆောက်အဦးများသည် အကြမ်းခံခြင်း၊ မီးလောင်ရန် မလွယ်ကူခြင်း၊ လေဒဏ်၊ မိုးဒဏ်၊ ငလျင်ဒဏ်များကို ကောင်းစွာ ခံနိုင်ခြင်းတို့သည်လည်း သံမဏိကိုယ်ထည် အဆောက်အဦးများ၏ အားသာချက်များဖြစ်သည်။

3. လျင်မြန်စွာတပ်ဆင်နိုင်ခြင်း

အသေးစိတ်အချက်အလက်များဖြင့် ရေးဆွဲထားသော ပုံကြမ်းများရှိခြင်း၊ တပ်ဆင်ရန်အတွက် အသေးစိတ် ဖော်ပြထားသော အဆင့်ဆင့် တပ်ဆင်နည်းလမ်းညွှန် ရှိခြင်းသည်လည်း အေတီအေဒီ သံမဏိကိုယ်ထည်အဆောက်အဦးများ၏ အားသာချက် ဖြစ်သည်။

4. လိုက်လျောညီထွေမှုရှိခြင်း

သတ္တုအမျိုးအစား အဆောက်အဦးများသည် တိုင်များအနည်းငယ်သာပါရှိသဖြင့် ကုန်ပစ္စည်းများကျယ်ပြန့်စွာ သိမ်းဆည်းနိုင်ခြင်း၊ ဓါတ်လှေကားများ ထည့်သွင်းနိုင်ခြင်း အပြင်အခြားသော အတွင်းပိုင်းပြင်ဆင်မှုများအား လိုအပ်သလိုပုံဖော်နိုင်သည်။

ထို့အပြင်၊ ဆောက်လုပ်မှုအကြို သံမဏိအဆောက်အဦးများသည် လိုက်လျောညီထွေမှုရှိခြင်း၊ အနာဂတ်တွင် လူသိများသော အဆောက်အဦးဖြစ်နိုင်ခြင်း၊ စီးပွားရေးအရ တွက်ချေကိုက်ပြီး သယ်ယူရလွယ်ကူခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

5. စွမ်းအား တိုးပွားစေခြင်း

ယနေ့ခေတ်တွင် ဆောက်လုပ်မှုအကြို သံမဏိအဆောက်အဦးများသည် အစိမ်းရောင် ပတ်ဝန်ကျင်ထိန်းသိမ်းမှုအတွက် များစွာ အထောက်အကူပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချနိုင်ခြင်း၊ စွမ်းအားမြင့်မားစေခြင်းနှင့် အခြားသော အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ပါသည်။ ဆောက်လုပ်မှုအကြို အဆောက်အဦးများသည် စွမ်းအားတိုးမြှင့်စေရန် တွန်းအားပေးခြင်း၊ အပူအအေး ထိန်းညှိမှုများတွင် ကုန်ကျစရိတ်နည်းစေခြင်းသည်လည်း ကြီးမားသော အကျိုးကျေးဇူးပင် ဖြစ်ပါသည်။ အထူးသဖြင့် ဆောက်လုပ်မှုအစိတ်အပိုင်းများအား တွဲဆက်တပ်ဆင်ရာတွင် ဆူညံသံများမဖြစ်ပေါ်ခြင်းနှင့် တပ်ဆင်သည့်အချိန် မြန်ဆန်ခြင်း တို့ကိုလည်း ရရှိနိုင်ပါသည်။

ဆက်သွယ်ရန် – အေတီအေဒီမှ တက်ကျွမ်းသူများမှ လူကြီးမင်းတို့၏ အဆင်မပြေမှုများကို ဖြေရှင်းပေးနိုင်ပါသည်။

ဆောက်လုပ်မှုများအတွက် ပူးပေါင်းဆောင်ရွက်သူ ၊ အကျိုးတူစီးပွားဖက်များ သို့မဟုတ် ဆောက်လုပ်မှုအကြို အဆောက်အဦး များနှင့် ပတ်သက်သော အချက်အလက်များကို သိရှိဆွေးနွေးလိုပါက ကျွနိုပ်တို့ထံသို့ ဆက်သွယ်လိုက်ပါ။ လူကြီးမင်းတို့ လုပ်ငန်းများအတွက် လိုအပ်ချက်အဖြေများကို အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံးနည်းလမ်းများဖြင့် ဖြေရှင်းပေးရန် အသင့်ရှိပါ သည်။

အေတီအေဒီ သံမဏိကိုယ်ထည် အဆောက်အဦး ကော်ပိုရေးရှင်း
ရုံးချုပ်တည်နေရာ

လိပ်စာ : 99 Nguyen Thi Minh Khai St, Ben Thanh, Dist 1, Ho Chi Minh City, Vietnam
အီးမေးလ် : 
sales@atad.vn
တယ်လီဖုန်း : 
(+84) 28 3926 0666
ရုံးခွဲများစာရင်း

    အမည် (*)

    အီးမေးလ် (*)

    ဖုန်း

    နိုင်ငံ (*)

    သင့်စာလွှာ (*)

    အီးမေးလ ATAD ပုံစံမှဖြည့်ပါ